script src='http://ajax.googleapis.com/ajax/libs/jquery/1.2.6/jquery.js' type='text/javascript'/>

Social Icons

Monday, December 17, 2012

ယနေ့Postgraduatstudentများအတွက်အကျိုးရှိစေမယ့် စာအုပ်လေးတစ်အုပ်တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲအဲဒီအခက်အခဲကိုကြုံတွေ့ခဲ့ရလို့ပါ။
အဲဒီအခက်အခဲတွေကိုကြုံတွေ့ခဲ့ရပြီး အတော်ကြာမှဒီစာအုပ်လေးကို အမှတ်မထင်သွားတွေ့ဖြစ်တာပါ။စာအုပ်လေးကိုတွေ့လိုက်တဲ့အချိန်
မှာ အရင်ကဒီစာအုပ်လေးကိုတွေ့ခဲ့ရင်ကောင်းမယ်ဆိုတဲ့
အတွေးလေးပေါ်လာပါတယ်။အခုအဲဒီအခက်အခဲကိုကူညီတဲ့အနေနဲစာအုပ်လေးကိုတင်ပေးလိုက်ပါတယ်။ 
ဘွဲ့လွန်သင်တန်းစတက်ပြီဆိုတာနဲ့ဘွဲ့လွန်ကျောင်းသားတိုင်းမလုပ်မနေရအလုပ်စာတမ်းပြုစုရတာပါ။ စာတမ်းကိုသက်ဆိုင်ရာတက္ကသိုလ်ကသတ်မှတ်ထားတဲစည်းမျဉ်းစည်းကမ်းနဲ့အညီပြုစုရပါတယ်။ ဒီစာအုပ်ကအဲဒီဘွဲ့လွန်ကျမ်းကိုဘယ်လိုပြုစုရမလဲဆိုတာကို အသေးစိတ်စနစ်တကျ
 ရေးသားတင်ပြထားတာဖြစ်ပါတယ်။


Wednesday, November 14, 2012

အကောင်းမြင်စိတ်


အကောင်းမြင်စိတ်လေးတစ်ခု
 ဂျယ်ရီ ဆိုတဲ့ သူငယ်လေးဟာ အမြင်ကပ်စရာကောင်းလောက်အောင်ကို အကောင်းမြင်တတ်တဲ့ သူငယ်လေးပါ။  သူဟာ အမြဲတမ်း လန်းဆန်းတက်ကြွနေပြီးတော့ အမြဲတမ်းလည်း အကောင်းမြင်တဲ့ စကားလေးတွေကိုဘဲ ပြောဆိုလေ့ရှိပါတယ်။
သူဟာသူမတူအောင်ထူးချွန်တဲ့ မန်နေဂျာကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။  ဘယ်စားသောက်ဆိုင်မှာလုပ်လုပ် နောက်လိုက်စာပွဲထိုးတွေက
သူ့နားမှာဝိုင်းဝိုင်းလည်နေပြီးသူ့ကိုအပြည့်အ၀ ထာက်ခံကြပါတယ်။  ဘာဖြစ်လို့ ဒီလို ထောက်ခံကြလဲဆိုတော့ သူရဲ့ အကောင်းမြင်တတ်တဲ့စိတ်ဓာတ်ကလေးကြောင့်ဖြစ်ပါတယ်တဲ့။  သူ့ပင်ကိုယ်စိတ်ထားကိုက
လူတွေကို စိတ်ဓာတ်တက်ကြွလာအောင် လုပ်ဆောင်နိုင်စွမ်းရှိနေတာပါ။တစ်နေ့တော့ ကျွန်တော် ဂျယ်ရီ့ကို မေးဖြစ်ပါတယ်။  “ငါ နားမလည်နိုင်ဘူး ဂျယ်ရီ၊ မင်းဟာ အမြဲတမ်းတော့
အကောင်းမြင်နိုင်တဲ့ စိတ်ရှိမယ်မထင်ဘူး။ ဒါပေမယ့် အမြဲတမ်းကို တက်ကြွနေတာဘဲ။  အဲ့ဒီလို တက်ကြွနေအောင် ဘယ်လိုလုပ်လဲ”

စကားပြောနည်း


စကားပြောနည်း ၁ဝ-မျိုး
(၁) ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက် သကဲ့သို့
”မိမိလိုရာရောက်အောင်ကြိုတင်၍စကားပိုဖြင့် ပြောဆိုခြင်း။”
(၂) ကောက်ပင်ရိတ်လှီးစကား- ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံ စွာဆုပ်၍တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်
လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့”သူဆိုသောစကား မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။”
(၃) ရေစီးဖေါင်ဆန်စကား- လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင် တင်၍ ဖြည်းညှင်းစွာ ဆန်တက်သွားလျှင် လိုအင်ကိစ္စပြီးသကဲ့သို့”ခြေသိမ်း ခေါင်းပိုက်ပမာ ဟပ်စပ်၍ပြီးပြတ်အောင်ပြော
ဆိုခြင်း။”

ဘ၀တွင်ရုံးနိမ့်ရခြင်းတရားဆယ်ပါး


၁။ ဘ၀တွင် တိကျပြတ်သားသော ရည်မှန်းချက်မရှိခြင်း။
၂။ အဆိုးမြင်ခြင်း၊ အပြုသဘောမဆောင်ခြင်း
၃။ အတတ်ပညာမဲ့ခြင်း၊ အတတ်ပညာ မဆည်းပူးခြင်း
၎။ ဆုံးဖြတ်ချက်မချတတ်ခြင်း၊ မချနိုင်ခြင်း၊ အမှားဆုံးဖြတ်ခြင်း
၅။ လူမူဆက်ဆံရေး ညံ့ဖျင်းခြင်း
၆။ ပြင်းပြထက်သန်သောာ စိတ်ထား မရှိခြင်း
ရ။ အယုံလွန်ခြင်း၊ အယုံလွယ်ခြင်း၊ အားနာခြင်း
၈။ ကြောက်ရွံ့ ခြင်း၊ ရိုးရာ အစွဲအလမ်းကြီးခြင်း
၉။ ရတာထက် ပိုသုံးစွဲခြင်း
၁၀။ အမြန်သဋ္ဌေးဖြစ်လာခြင်း

ကံကောင်းအောင်



ကံကောင်းအောင် လုပ်ယူနည်း
(ရှေးထုံးကိုလည်း မပယ်နဲ့)
ကံကောင်းအောင် လုပ်ယူချင်တဲ့လူတွေဟာ ရှေးလူကြီးသူမများ၊ ပုဂ္ဂိုလ်များရဲ့ ဆုံးမစာတွေကိုလည်း လိုက်နာ ကျင့်သုံးသင့်ပါတယ်။ အဲဒီလို လိုက်နာကျင့်သုံးဖို့ မလွယ်ဖူးဆိုပေမယ့် မလွယ်တဲ့အလုပ်ကို လုပ်နိုင်မှ အာဂလူ ဖြစ်မှာပါ။တောင်ဖီလာဆရာတော်ရဲ့ ဆုံးမစာကို လိုက်နာကျင့်သုံးမယ်ဆိုရင်
 ကံကောင်းသူတယောက် ဖြစ်လာမှာသေချာပါတယ်။ ရှေးဟောင်းဆုံးမစာတွေဆိုတော့ တင်စားမှုတွေ ရှိပါတယ်။ တိုက်ရိုက်နားလည်မလည်နိုင်ဘူး။ သေသေချာချာ စဉ်းစားတွေးခေါ်တတ်မှ သိနားလည်ပြီး လိုက်နာနိုင်တာမျိုးတွေပေါ့။တောင်ဖီလာဆရာတော်ကြီးရဲ့ ဆုံးမစာကိုကြည့်။

လူလူချင်း စကား




(၁) တန်ဖိုးထားထိုက်ဆုံးစကားတစ်ခွန်း
“နင့်ကိုငါချစ်တယ်”
ဒီစကားတစ်ခွန်းကို သင်ကြားလိုက်ရပြီဆိုရင် သင်ဟာတခြားသူရဲ့ချစ်ခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။ လောကမှာ အချစ်ခံရထက်တာ ပိုချိုမြိန်၊ ပျိုပျော်ရွှင်တဲ့အရာ ရှိနိုင်ဦးမလား? တကယ်လို့ ဒီလိုစကားတစ်ခွန်းကို သင်လည်း ပြောလိုက်ပြီဆိုရင် စိတ်ကူးထဲကအဖော်ကို သင်ရှာတွေ့ပြီဖြစ်ကြောင်း ပြနေပါတယ်။ လူ့ပင်လယ်ထဲမှာ ကူးခပ်ရင်း တစ်နေ့နေ့ တစ်ချိန်ချိန် သင်မျက်စိဖြတ်ခနဲအလက် “ဟော.. သူ(သူမ)ပဲ!”ဆိုတဲ့ အဖော်ကို သင်တွေ့သွားခဲ့တယ်။ အချစ်ရှိပြီဆိုရင် အထီးမကျန်တော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မလေတော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မတွေဝေတော့ဘူး။ အချစ်ရှိပြီဆိုရင် ပေါ့ပေါ့နေလို့မဖြစ်တော့ဘူး။ အချစ်က ရွေးချယ်ခြင်းတစ်မျိုး၊ အချစ်က ပျော်ရွှင်ခြင်းတစ်မျိုး၊ အချစ်က အားအင်တစ်မျိုး၊ အချစ်က တာဝန်တစ်မျိုး… ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...