
ဒီနေ့တော့ ကျွှန်တော် မြန်မာ့၇ိုးရာလမြတ်ဝါဆို အကြောင်းကို ပြောချင်ပါတယ်။ အခုဆိုရင် ၀ါကျွတ်သွားပြီဖြစ်တဲ့အတွက်နာက်ဆုံးဆွမ်းလောင်းအပတ်လည်းအောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ ၀ါကျွတ်ပြီးတာနဲ.သတင်းကျွတ်ကလာထပ်ချပ်မကွာလိုက်ပါလာပါတယ်။သတင်းကျွတ်ေ၇ာက် ပြီဆိုတာကို ရပ်ကွက်ထဲကဗျောက်အိုးသံ၊မီးရှုးမီးပန်းလွတ်တဲ့အသံတွေကသက်သေခံနေပါတယ်။ ရပ်ကွက်ထဲမှာ မုန့်လုပ်တဲ့အိမ်က မုန့်လုပ်ပြီး အနီးအနားက အသိမိတ်ဆွေအိမ်တွေ ရော မသိကျွမ်းသော်လည်း တလမ်းတည်းသားချင်အိမ်တွေရော မိမိတို့အိမ်မှာ ကိုယ်တိုင်လုပ်ထားတဲ့ မုန့်တွေကိုလိုက်ဝေကြပါတယ်။ ဗုဒွဘာသာမြန်မာ လူမျိုးတွေရဲ့ ဘာသာတရားနဲ့ညီညွတ်တဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုပါ။ သတင်းကျွတ်ရောက်ပြီဆိုရင် ကျွန်တော်တို့ပျော်ပါတယ်။