script src='http://ajax.googleapis.com/ajax/libs/jquery/1.2.6/jquery.js' type='text/javascript'/>

Social Icons

Sunday, January 13, 2013

မြန်မာအင်တာနက်ကြည့်ပ၇ိတ်သတ်များအဆင်ပြေစေမည့်ဝက်ဆိုက်များ

မြန်မာ အင်တာနက် ကြည့်တဲ့ ပရိတ်သတ်တွေ အတွက် အဆင်ပြေစေရန် မြန်မာ ၀က်ဆိုဒ် လေး တွေ ကို စုစည်း ပေးထားတာဖြစ် ပါတယ်။ ကိုယ်ကြည့်ချင်တဲ့ web site ကို Address bar မှာ ရိုက်စရာ
မလိုပါဘူး။ ကိုယ်ကြည်ချင်တဲ့web site ပေါ်မှာ ကလစ်လေး နှစ်လိုက်ရုံပါပဲ။
1. www.planet.com.mm (သတင်းလေးတွေစုံတယ်နော်)
2.www.people.com.mm (မဂ္ဂဇင်း စာအုပ်လေးနော်)
3.www.khitluneg.org.mm (ရွှေဈေး၊ဒေါ်လာဈေးတွေနဲ့ သတင်းစုံတွေ)
4.www.alpha.com.mm (ZawGyi Font လေးတွေယူရအောင်)
5.www.flashband.net (သီချင်းနဲ့ MTV လေးတွေနားထောင်မယ်)
6.www.myanmarmp3.net (သီချင်းတွေ ဒေါင်းမယ်၊နားထောင်မယ်)
7.www.myanmar-music.com(သီချင်းလေးတွေပါပဲ)
8.www.freemyanmarvcd.com(vcd လေးတွေကြည့်မယ်)
9.www.khayanpyareinmat.com(vcd လေးတွေကြည့်မယ်)
10.www.shwedream.com(vcd လေးတွေကြည့်မယ်)
11.www.burmeseclassic.com(ဓမ္မသီချင်းများ)
12.www.shweclassic.com (ဓမ္မသီချင်းများ)

မြန်မာနိုင်ငံကလူကြိုက်အများဆုံးဝက်ဆိုက်များ

   မြန်မာနိုင်ငံမှာလူကြည့်အများဆုံးနှင့်နေ့စဉ်လူမှု့ဘ၀အတွက် အသုံးအ၀င်ဆုံး ၀က်ဆိုက်များ စုစည်းထားသော တစ်ခုတည်းသော ၀က်ဆိုက်ပါ

http://www.myawady.net.mm/webtour

Monday, January 7, 2013

မိဘဂုဏ်(၁၂)ပါး

မိဘဂုဏ်(၁၂)ပါး

မိဘဂုဏ်တွေသိတော့ပိုပြီးလေးစားတက်လာတာပေါ့။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။

Monday, December 17, 2012

ယနေ့Postgraduatstudentများအတွက်အကျိုးရှိစေမယ့် စာအုပ်လေးတစ်အုပ်တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲအဲဒီအခက်အခဲကိုကြုံတွေ့ခဲ့ရလို့ပါ။
အဲဒီအခက်အခဲတွေကိုကြုံတွေ့ခဲ့ရပြီး အတော်ကြာမှဒီစာအုပ်လေးကို အမှတ်မထင်သွားတွေ့ဖြစ်တာပါ။စာအုပ်လေးကိုတွေ့လိုက်တဲ့အချိန်
မှာ အရင်ကဒီစာအုပ်လေးကိုတွေ့ခဲ့ရင်ကောင်းမယ်ဆိုတဲ့
အတွေးလေးပေါ်လာပါတယ်။အခုအဲဒီအခက်အခဲကိုကူညီတဲ့အနေနဲစာအုပ်လေးကိုတင်ပေးလိုက်ပါတယ်။ 
ဘွဲ့လွန်သင်တန်းစတက်ပြီဆိုတာနဲ့ဘွဲ့လွန်ကျောင်းသားတိုင်းမလုပ်မနေရအလုပ်စာတမ်းပြုစုရတာပါ။ စာတမ်းကိုသက်ဆိုင်ရာတက္ကသိုလ်ကသတ်မှတ်ထားတဲစည်းမျဉ်းစည်းကမ်းနဲ့အညီပြုစုရပါတယ်။ ဒီစာအုပ်ကအဲဒီဘွဲ့လွန်ကျမ်းကိုဘယ်လိုပြုစုရမလဲဆိုတာကို အသေးစိတ်စနစ်တကျ
 ရေးသားတင်ပြထားတာဖြစ်ပါတယ်။


Wednesday, November 14, 2012

အကောင်းမြင်စိတ်


အကောင်းမြင်စိတ်လေးတစ်ခု
 ဂျယ်ရီ ဆိုတဲ့ သူငယ်လေးဟာ အမြင်ကပ်စရာကောင်းလောက်အောင်ကို အကောင်းမြင်တတ်တဲ့ သူငယ်လေးပါ။  သူဟာ အမြဲတမ်း လန်းဆန်းတက်ကြွနေပြီးတော့ အမြဲတမ်းလည်း အကောင်းမြင်တဲ့ စကားလေးတွေကိုဘဲ ပြောဆိုလေ့ရှိပါတယ်။
သူဟာသူမတူအောင်ထူးချွန်တဲ့ မန်နေဂျာကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။  ဘယ်စားသောက်ဆိုင်မှာလုပ်လုပ် နောက်လိုက်စာပွဲထိုးတွေက
သူ့နားမှာဝိုင်းဝိုင်းလည်နေပြီးသူ့ကိုအပြည့်အ၀ ထာက်ခံကြပါတယ်။  ဘာဖြစ်လို့ ဒီလို ထောက်ခံကြလဲဆိုတော့ သူရဲ့ အကောင်းမြင်တတ်တဲ့စိတ်ဓာတ်ကလေးကြောင့်ဖြစ်ပါတယ်တဲ့။  သူ့ပင်ကိုယ်စိတ်ထားကိုက
လူတွေကို စိတ်ဓာတ်တက်ကြွလာအောင် လုပ်ဆောင်နိုင်စွမ်းရှိနေတာပါ။တစ်နေ့တော့ ကျွန်တော် ဂျယ်ရီ့ကို မေးဖြစ်ပါတယ်။  “ငါ နားမလည်နိုင်ဘူး ဂျယ်ရီ၊ မင်းဟာ အမြဲတမ်းတော့
အကောင်းမြင်နိုင်တဲ့ စိတ်ရှိမယ်မထင်ဘူး။ ဒါပေမယ့် အမြဲတမ်းကို တက်ကြွနေတာဘဲ။  အဲ့ဒီလို တက်ကြွနေအောင် ဘယ်လိုလုပ်လဲ”

စကားပြောနည်း


စကားပြောနည်း ၁ဝ-မျိုး
(၁) ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက် သကဲ့သို့
”မိမိလိုရာရောက်အောင်ကြိုတင်၍စကားပိုဖြင့် ပြောဆိုခြင်း။”
(၂) ကောက်ပင်ရိတ်လှီးစကား- ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံ စွာဆုပ်၍တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်
လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့”သူဆိုသောစကား မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။”
(၃) ရေစီးဖေါင်ဆန်စကား- လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင် တင်၍ ဖြည်းညှင်းစွာ ဆန်တက်သွားလျှင် လိုအင်ကိစ္စပြီးသကဲ့သို့”ခြေသိမ်း ခေါင်းပိုက်ပမာ ဟပ်စပ်၍ပြီးပြတ်အောင်ပြော
ဆိုခြင်း။”
Related Posts Plugin for WordPress, Blogger...